396 Followers
22 Following
228 Posts

ဗုဒ္ဓအကြောင်း သေချာလေ့လာကြည့်ရင် ဗုဒ္ဓဟာ တန်ခိုးနဲ့ ဖန်ဆင်းပေးတတ်တဲ့ ဘုရားရှင် မဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်။

စဉ်းစားကြည့်ပါ...

- ဗုဒ္ဓကိုယ်တိုင် ခါးနာဝေဒနာ ခံစားခဲ့ရတယ်။
- အရှင်မောဂ္ဂလာန် ရိုက်နှက်ခံရတယ်။
- ရာဟုလာ အသက် ၅၀ မတိုင်ခင် ပရိနိဗ္ဗာန်စံတယ်။
- သာကီဝင်ဆွေမျိုးတွေ မျိုးဖြုတ်သတ်ခံရတယ်။

ဘုရားရှင်နဲ့ ရဟန္တာတွေတောင် ဒုက္ခကြုံလာချိန်၊ ကံအကျိုးပေးလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့သလို၊ ဘယ်နတ်ဘုရားကမှလည်း လာမကယ်ခဲ့ပါဘူး။

ဒီတော့... သာမန်လူတွေဖြစ်တဲ့ လူတွေက အခက်အခဲကြုံလာတိုင်း၊ ဒုက္ခရောက်တိုင်း "ဘုရားရေ ကယ်ပါ၊ နတ်မင်းကြီးတွေ မကြည့်ရက်ဘူးလား" စသဖြင့် အော်ဟစ်ဆုတောင်းနေတာ တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား?

ဗုဒ္ဓဟောကြားချက်တွေရဲ့ တကယ့်အနှစ်သာရက ကယ်တင်ရှင်ကို မျှော်လင့်ဖို့ မဟုတ်ဘူး။ ဖြစ်လာသမျှ အကြောင်းတရားတွေကို အမှန်တိုင်း သိမြင်ပြီး လက်ခံနိုင်အောင် လေ့ကျင့်ဖို့၊ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည်ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်ချိန်မှာ ဆုတောင်းနေတာထက်၊ အကြောင်းအကျိုးကို ဉာဏ်နဲ့ဆင်ခြင်ပြီး ဖြေရှင်းနိုင်မှသာ အဓိပ္ပာယ်ရှိပါလိမ့်မယ်။

တကယ်တမ်း လူသားတွေကို ကယ်တင်နိုင်တာ လူသားတွေပဲ ရှိပါတယ်။ သိပ္ပံနဲ့ ဆေးပညာတွေကသာ လူသားတွေ အသက်ပိုရှည်လာအောင်၊ ကျန်းမာလာအောင် လုပ်ပေးနိုင်တာပါ။

ဘုရားရှင်လက်ထက်တုန်းကဆိုရင် ဝမ်းရောဂါဟာ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ အတော်ဆိုးရွားခဲ့တာ တွေ့ရပါတယ်။ ခေတ်သစ် သိပ္ပံပညာနဲ့ ဆေးပညာတွေကပဲ ဒီလိုဆိုးရွားတဲ့ ရောဂါဘေးတွေကနေ သက်သာလာအောင်၊ နည်းပါးသွားအောင် ကာကွယ်ကုသပေးနိုင်ခဲ့တာပါ။

လက်တွေ့ဘဝမှာ သိပ္ပံပညာနဲ့ လူသားအချင်းချင်းကသာ လူသားတွေကို ကယ်တင်နိုင်တာပါ။ ဘယ်နတ်ဘုရားကမှ တန်ခိုးနဲ့ ဝင်မကယ်တင်နိုင်ပါဘူး။

မြန်မာနိုင်ငံက စာပေဗဟုသုတ က တကယ်တန်း ဂျင်းတွေ များတာပဲ။ မြန်မာ မှာ ငယ်ငယ်က ဖတ်ခဲ့ဖူးသည့် တစ်တီတူး ငှက် မိုးပေါ်ထောင် အိပ်တယ် တို့ မြွေက ညှို့ တတ်တယ်တို့ တကယ်မဟုတ်ဘူးပဲ။ တခါတစ်လေ စာများများ ဖတ်လေ ဂျင်းများများ မိလေ ဖြစ်တတ်တာပဲ
တတ်နိုင်သ၍ ကလေးတွေကို ဘာသာရေး နဲ့ မထိတွေ့ ခိုင်းဘူး။ ဘာသာရေးက ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းကို ကန့်လိုက်တယ် လို့ မြင်လာတယ်။ လူတစ်ယောက် ရဲ့ အဆုံးမဲ့ တွေးခေါ်ခွင့်ကို မူဘောင်တစ်ခု ထဲမှာပဲ စဥ်းစားခွင့်ပေးလိုက် သလိုပဲ။
facebook မှာ ကားတင် ပြေး သည့် ကိစ္စ ကို ပြောထားတာ တွေ့လို့ ဘုရားလောင်း မဟောသဓာ ဆို ဥမင်လိုဏ်ခေါင်း တူးပြီး ပဉ္စာလစန္ဒီ ကို အသက်ကြီးကြီး အဘိုးကြီး ဝေဒေဟမင်းကြီး နဲ့ တောင် အတင်းပေးစား ခဲ့ သေးတာပဲ။

တကယ်တန်း မဟော်သဓာ ဇာတ် ဟာ ကလေးတွေ ကို ဖတ် ဖို့ မသင့်သလို ပုံပြောပြ လို့ လည်း မသင့်ဘူး။ အရမ်းကို ရှေးရိုးဆွဲပြီး အထူးသဖြင့် မိန်းကလေး တွေကို နှိမ့်ချထားတာတွေ အများကြီးပဲ။

ငမဲ နှင့် ဒီဃတလာ (ပုကွ နှင့် ဒီဃတလာ)" အမှု ဆိုရင် မိန်းမ ကို ပစ္စည်း တစ်ခု လိုပဲ တန်ဖိုးထားတယ်။ ဘာကြောင့် ဖြစ်ရသည့် အဖြစ် အပျက် ထက် မဟောသဓာ က ဖော်ထုတ်ပေးတာ ပဲ ပြထားတယ်။ ဘာလို့ မိန်းမ က လက်ရှိ ယောကျ်ား နဲ့ မပေါင်းချင်တာလဲ ဆိုတာ ပြဿနာတွေ အများကြီး ရှိနိုင်တယ်။ ရုပ်ရည် တစ်ခု တည်းကြောင့် မဟုတ်နိုင်ဘူး။​

ရန်သူဘုရင်ရဲ့ သမီးတော်ကို မဟော်သဓာက ဥမင်လိုဏ်ခေါင်းကနေ ခိုးထုတ်ပြီး သူ့ဘုရင်နဲ့ ပေးစားလိုက်တာ ဆိုတာလည်း အတင်း ဖမ်းဆီး ပြီး အဖိုးကြီး နဲ့ အတင်းပေးစား တာ ဟာ အတော်ဆိုးရွားတယ်။

အမရာဒေဝီကို စမ်းသပ်သည့် အခန်း တွေ ဆိုလည်း Harassment လုပ်တာပဲ။ Manipulation လုပ်တာပဲ။

"မိန်းမတို့အား လျှို့ဝှက်ချက် မပြောရ" ဆိုသည့် အခန်းက အတော် ကို လွဲမှားပြီး မိန်းမ မကောင်းကြောင်း လုပ်ထားသည့် ဇာတ်တော်လိုပဲ။

ကလေးတွေ အရွယ်ရောက်ပြီး ကိုယ်ပိုင်ဆုံးဖြတ် နိုင်သည့် အချိန်မှ ရှေးခေတ် က ဒီလို ရှိတယ် ဆိုပြီး ဖတ်သင့်တာ။ ငယ်သေးသည့် အချိန်မှာ ဒီ စာအုပ်တွေက မိန်းမ ဆိုတာ မကောင်းတာ ပစ္စည်းတစ်ခု သာသာ ဆိုသည့် အတွေးတွေ ကို အများကြီး ပေးနိုင်သည့် toxic behaviour တွေ အများကြီး ပါနေတယ်။

ဒီနေ့ အိမ်မှာ တရားဖွင့်ထားလို့ တရားနာလိုက်တာ တကယ်တန်း manipulation လုပ်နေသလိုပဲ။ လှူတာတောင် နည်းနည်းလှူ တာနဲ့ ရှိသည့် အထဲက ဘယ်လောက်လှူသည့် အပေါ်မှာ မူတည်ပြီး နောက်ဘဝ မှာ ဘယ်လို တွေ ကွာသွားကြောင်း နတ်ဘဝ မှ နည်းနည်း လှူသည့် နတ်တွေက မျက်နှာ ငယ် ရကြောင်းတွေ ပြောနေတာပဲ။ ဟာ ဘုန်းကြီး တရားနာထောင်နေသည့် သူတွေကို manipulation လုပ်နေတာပါလား ဆိုပြီး အတွေး ဝင်မိတယ်။ တရားပွဲ ပြီးရင် နောက်ဘဝ မျက်နှာ မငယ်ချင်ရင် များများ လှူ ဆိုပြီး ပြောနေသလိုပဲ။
Three Kingdoms ကို ဖတ်ပြီးတဲ့အခါ Jin Dynasty မတည်ငြိမ်ခဲ့တာ မဆန်းဘူးလို့ တွေးမိတယ်။ Sima မျိုးနွယ်က ပညာရှိ အတော်များများကို သတ်ဖြတ်ပြီး သူတို့အနားမှာ အလိုတော်ကျ လူတွေကိုပဲ ထားခဲ့တာကိုး။ ဥပမာ - ရှီးခန်း (Xi Kang) လို လူမျိုးကို အကြောင်းမဲ့ သတ်လိုက်တာဟာ နောင်အနာဂတ်မှာ ပညာရှိတွေ အမှုထမ်းဖို့ လက်တွန့်သွားစေတဲ့ အချက်ပဲ။ ဒါကြောင့်လည်း တိုင်းပြည်မတည်ငြိမ်ဘဲ ပျက်စီးသွားတာ မထူးဆန်းဘူး ဆိုရမယ်။ အရှေ့ Jin (Eastern Jin) ခေတ်ရောက်တော့ Sima မိသားစုက ဝဋ်လည်ပြီး Cao (ချောင်) မိသားစုလို ရုပ်သေးဘုရင် ပြန်ဖြစ်သွားရတာပဲ။
When we play Super Mario Bros., there are no paid skins or paid skills. You just buy the game and enjoy it.
တရုတ် donghua ကြည့်ရင်း Xiao Yan ဆိုတာ ကို တွေ့တော့ တရုတ်ပြည်က Emperor Wu (Xiao Yan) အကြောင်းကိုတောင် သတိရသွားတယ်။ Xiao Yan က အရမ်းတော်တယ်။ လျန်မင်းဆက် အစ ပိုင်း မှာ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တယ်။ ပြဿနာက သူက ဗုဒ္ဓဘာသာ ကို အစွန်းရောက်သွားတာပဲ ပြောရမလား တရားပေါက်တာပဲ ပြောရမလား မသိဘူး။ ဘုန်းကြီး ဝတ်မယ်ဆိုပြီး ထွက်ပြေးတာ ၄ ခါ လောက် ရှိတယ်။ ဘုရင် ကို ပြန်ရွေးဖို့ ဘုန်းကြီး ကြောင်းကို အမတ်တွေ က ပြန်လှုရတယ်။ အဲဒါ နဲ့ တိုင်းပြည်က ငွေအတော်ကုန်သွားတယ်။ တနည်းပြောရင် တဖက်လှည်ပြီး ဘုန်းကြီး ကြောင်းကို ဘုရင် က လှူတာပဲ။ ဘာသာရေး ခေါင်းဆောင်ကော နိုင်ငံ ခေါင်းဆောင် ပါဖြစ်ချင်သည့် ပုံပဲ။ ဘုရားလောင်း ဆိုပြီး ကိုယ့်ဘာသာကိုယ် ခံယူထားတာလည်း ပါတယ်။ သားငါးစားတာကို ပိတ်ပင်ပြီး ရဟန်းတွေ သက်သတ်လွတ် စားရမယ်ဆိုတဲ့ စည်းကမ်းကို စတင်ခဲ့သူကလည်း သူပါပဲ။ Hou Jing ပုန်ကန် မှု နဲ့ အသက် ၈၆ နှစ်မှာ နန်းတော်ထဲမှာ အစာငတ်ပြီး သေဆုံးသွားတယ် လို့ ဆိုတယ်။
some product are more expensive at black Friday.