ဗုဒ္ဓအကြောင်း သေချာလေ့လာကြည့်ရင် ဗုဒ္ဓဟာ တန်ခိုးနဲ့ ဖန်ဆင်းပေးတတ်တဲ့ ဘုရားရှင် မဟုတ်ဘူးဆိုတာ တွေ့ရလိမ့်မယ်။
စဉ်းစားကြည့်ပါ...
- ဗုဒ္ဓကိုယ်တိုင် ခါးနာဝေဒနာ ခံစားခဲ့ရတယ်။
- အရှင်မောဂ္ဂလာန် ရိုက်နှက်ခံရတယ်။
- ရာဟုလာ အသက် ၅၀ မတိုင်ခင် ပရိနိဗ္ဗာန်စံတယ်။
- သာကီဝင်ဆွေမျိုးတွေ မျိုးဖြုတ်သတ်ခံရတယ်။
ဘုရားရှင်နဲ့ ရဟန္တာတွေတောင် ဒုက္ခကြုံလာချိန်၊ ကံအကျိုးပေးလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့သလို၊ ဘယ်နတ်ဘုရားကမှလည်း လာမကယ်ခဲ့ပါဘူး။
ဒီတော့... သာမန်လူတွေဖြစ်တဲ့ လူတွေက အခက်အခဲကြုံလာတိုင်း၊ ဒုက္ခရောက်တိုင်း "ဘုရားရေ ကယ်ပါ၊ နတ်မင်းကြီးတွေ မကြည့်ရက်ဘူးလား" စသဖြင့် အော်ဟစ်ဆုတောင်းနေတာ တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လား?
ဗုဒ္ဓဟောကြားချက်တွေရဲ့ တကယ့်အနှစ်သာရက ကယ်တင်ရှင်ကို မျှော်လင့်ဖို့ မဟုတ်ဘူး။ ဖြစ်လာသမျှ အကြောင်းတရားတွေကို အမှန်တိုင်း သိမြင်ပြီး လက်ခံနိုင်အောင် လေ့ကျင့်ဖို့၊ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည်ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်ချိန်မှာ ဆုတောင်းနေတာထက်၊ အကြောင်းအကျိုးကို ဉာဏ်နဲ့ဆင်ခြင်ပြီး ဖြေရှင်းနိုင်မှသာ အဓိပ္ပာယ်ရှိပါလိမ့်မယ်။
တကယ်တမ်း လူသားတွေကို ကယ်တင်နိုင်တာ လူသားတွေပဲ ရှိပါတယ်။ သိပ္ပံနဲ့ ဆေးပညာတွေကသာ လူသားတွေ အသက်ပိုရှည်လာအောင်၊ ကျန်းမာလာအောင် လုပ်ပေးနိုင်တာပါ။
ဘုရားရှင်လက်ထက်တုန်းကဆိုရင် ဝမ်းရောဂါဟာ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့အထိ အတော်ဆိုးရွားခဲ့တာ တွေ့ရပါတယ်။ ခေတ်သစ် သိပ္ပံပညာနဲ့ ဆေးပညာတွေကပဲ ဒီလိုဆိုးရွားတဲ့ ရောဂါဘေးတွေကနေ သက်သာလာအောင်၊ နည်းပါးသွားအောင် ကာကွယ်ကုသပေးနိုင်ခဲ့တာပါ။
လက်တွေ့ဘဝမှာ သိပ္ပံပညာနဲ့ လူသားအချင်းချင်းကသာ လူသားတွေကို ကယ်တင်နိုင်တာပါ။ ဘယ်နတ်ဘုရားကမှ တန်ခိုးနဲ့ ဝင်မကယ်တင်နိုင်ပါဘူး။