Linn Htet Aung

71 Followers
11 Following
89 Posts
FPV pilot who love cloud surfing and long range.
Websitehttp://www.nweyoe.net

https://cifertech.github.io/DisplayKit/

မိုက်တယ်ဟ display ကို ကိုယ့်စိတ်ကြိုက်လုပ်ပီး ထွက်လာတဲ့ code လေး ကူးထည့်ရုံပဲ

DisplayKit - TFT_eSPI + U8g2 UI Builder

https://github.com/cifertech/nRFBox

စိတ်ဝင်စားဖို့ကောင်း ကလိဖို့ကောင်းပါတယ်။

Drone နည်းပညာက ပိုက်ဆံပေါပြီး ပေါပေါသွင်းနိုင်တဲ့ကောင်က သာနေပြီဆိုတာ ငြင်းမရဘူး။
နည်းပညာအသစ် fiber cable drone တွေဆို ထွက်တာ သုံးတာ မကြာသေးဘူး၊ မအလတွေလက်ထဲ ရောက်လို့ သုံးနေကြပြီ။
သိပ်တော့မလှသေးဘူး။
ဈေးဦးပေါ​က်က လပြည့်ညကြီး ခေါင်းရင်းမှာ ဘလူးတုသ်ဘောက်စ်နဲ့ လာသောင်းကျန်းနေတဲ့ ကားဆရာတွေပဲ
လော်စပီကာသံတွေ မစဲခင်လက်ထဲရောက်လာတာ အကိုက်ပဲ။
မိန်းမက တိုင်ပင်သမျှကိစ္စတွေ ကိုယ်ဆုံးဖြတ်ပေးရင် မှန်တာများတယ်။
တခါပဲ၊ ဘဏ်ထဲက ရှိတာလေးတွေ ထုတ်ထားကြရအောင်လို့ မနက်ခင်းတခုမှာ ပြောတာကို .. မထုတ်တော့ဘူး၊ ထုတ်လိုက်မှ ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ဆိုပြီး မထုတ်လိုက်မိတာ လော်ကီးတွေဖြစ်ကုန်ပါလေရော။
Keyboard က =+ နှိပ်မရတော့လို့ အထဲကိုဖြုတ်ကြည့် မီတာလိုက်ထောက်ပြီး အဲ့ဒီနားတဝိုက် အပြစ်ရှာကြည့်တယ်။ အပြစ်မတွေ့တော့ ဒီတိုင်းပဲထားပြီး သုံးနေတာ နှစ်ပတ်လည်သွားပြီ။ ကိုယ့်အတွက်လည်း သိပ်မလိုတဲ့ ခလုတ်မို့ ပစ်ထားလိုက်တာ။
ဒီနေ့ကျမှ ဇာဂနာအသစ်လေး ဝယ်လာလို့ စဥ်းစားမိရင keycap နဲ့ switch ကိုဖြုတ်ပြီး pin အပေါက်နှစ်ခုကို ဇာဂနာထောက်လိုက်တာ ရသွားပါရော။ အရင်ကဘာလို့ မစဥ်းစားမိပါလိမ့်ယာ
Switch error ပေါ့။ အဲ့ဒါနဲ့ switch ကို ထပ်ဖြုတ်ရတာပေါ့လေ။ ကွာနေတဲ့ ကြေးပြား ၂ ပြားကို ပြန်ကပ် ဂျီးကပ်နေတဲ့ pin တွေကို ကော်ပတ်လေးစားပေးပြီး ပြန်တပ်လိုက်တာ အိုကေသွားရော။
အကုန်ဖြုတ် တပ်လို့ရတဲ့ Mechanical Keyboard တွေရဲ့ အားသာချက်တွေပေါ့။
bye bye
အဲ့ကောင်တွေ မိပြီတဲ့။
စကစ သတင်းထဲပါလာတယ်။ ကိုယ့်လိုပဲ စာရတဲ့သူတွေရှိလို့ လိုက်ကြတယ်ထင်ပါရဲ့
သိန်း ၅ထောင် ၁သောင်း တောင်းပြီး ပြန်ပေးဆွဲတဲ့အဖွဲ့တွေက ငြိမ်သွားပြီ။
ပြစရာ ကျည်ဆံပုံမရှိလို့တောင် အင်တာနက်ကနေ ကျည်ဆံပုံပါတဲ့ ​မူရင်းခြိမ်းခြောက်စာကိုယူ၊ ဖုန်းနဲ့ မသေမသတ် တောင်တလုံး မြောက်တလုံးရေးပြီး သိန်းတထောင် အလကားလာတောင်းတဲ့ ခွေးသားတွေက ရှိသေးတယ်။
တကယ်ဆွဲတဲ့ကောင်တွေက သတိပေးသလိုဖြစ်မှာစိုးလို့ ဘာစာမှ မပို့ဘူး။ လုပ်စရာရှိတာကို ကျားချောင်းချောင်းပြီး လုပ်သွားတာ။
ကျည်ဆံအရင်ရှာမလား၊ ဒီက ပြန်ပို့ပေးရမလား မအလလေးတွေ။