Trump နိုင်လိုက်ကတည်းက Walmart လို လုပ်ငန်းကြီးတွေက အစ DEI ပေါ်လစီတွေကို ဖျက်သိမ်းပြီး အဲ့ဒီ ဌာနတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ဖြုတ်ပစ်လိုက်တယ် ဆိုပဲ... တကယ်တော့ Trump မနိုင်ခင်တည်းက Tech ကုမ္ပဏီတွေ အများစုမှာ DEI ဌာနတွေ ပိတ်သိမ်းနေကြတာပါ... Trump နိုင်မှာမှန်း ကြိုသိလို့ပဲလား... လက်မခံချင်တော့လို့ပဲလား မသိရပေမဲ့ သေချာတာကတော့ အဲ့ဒီ Trend က စနေခဲ့တာ ၆ လလောက် ရှိနေပြီ

Sweet Baby Inc လို ကုမ္ပဏီတွေ အထိနာပြီးတဲ့ နောက်ပိုင်း လူတွေကြားမှာ ဒီကိစ္စကို အတော်ပြောလာကြတယ်... အားကစားဖက်မှာ မဖွယ်မရာ ဖြစ်တဲ့ ကိစ္စတွေ... Gay ပါဆိုပြီး မိန်းမတွေကိုမှ ကြိုက်တယ် ဆိုတဲ့ Online Cele တွေရဲ့ ပြဿနာတွေ... ကလေးတွေကို Gender အကြောင်း သင်တယ်ဆိုပြီး ဇွတ်လိင်ပြောင်းဖို့ အားပေးအားမြှောက် ပြုတာတွေ... အသက်မပြည့်သေးတဲ့ ကလေးတွေကို ဟော်မုန်းတွေ ကျွေး ခွဲစိတ်မှု လုပ်တာတွေ... Pride Month ဆိုပြီး နေရာတိုင်းမှာ သက်တန့် ၆ ရောင် ပြောင်းတာတွေ... လူမည်းနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံပေမဲ့ ကျန်တဲ့ လူမျိုးတွေအပေါ် နှိမ်ချဆက်ဆံတာတွေ... အမျိုးစုံသွားတဲ့အခါ Trump လို လူမျိုး ရွေးကောက်ပွဲ နိုင်တာ မဆန်းဘူးလို့တောင် ကောက်ချက်ချလို့ ရပါတယ်

ဒါပေမဲ့ ခုတလော ဂိမ်းလောကနဲ့ အားကစား လောကမှာ ကျယ်ကျယ်လောင်လောင် ဖြစ်နေတဲ့ ပြဿနာတွေကို ​ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုတာ မသေချာသေးဘူး... Pride ဂျာစီတွေ အလံတွေကို အားကစားလောကမှာ ရှိတဲ့ အစ္စလာမ် ကစားသမားတွေက လက်မခံကြဘူး... ဂိမ်းလောကမှာလည်း DEI လမ်းစဉ် လိုက်တဲ့ ဂိမ်းတွေ တချို့ကလွဲရင် အကုန်နီးပါး အရှုံးပြနေလို့ အတော် ပြဿနာ တက်နေကြတယ်... တချို့ ဂိမ်းတွေနဲ့ ဝေဖန်ရေး Website တွေရဲ့ Social Media Manager တွေ အားလုံးနီးပါးက အဲ့ဖက် လိုက်ကြတဲ့ ပေါ်ပြူလစ်တွေ ဖြစ်နေတော့ ဖန်တွေနဲ့ ပြဿနာ တက်ပြီး အရောင်းထိုးကျနေပေမဲ့ သူတို့စိတ်ထဲမှာ စားသုံးသူထက် သူတို့က ပိုသိပိုတတ်တယ်လို့ ယူဆနေကြဟန် ရှိတယ်

ဘာပဲ ပြောပြော နောက်ထပ်အရွေ့ဟာ ဘာသာရေး အစွန်းရောက် အရွေ့ဖက်ကို ပြောင်းနေသလားလို့ စိုးရိမ်စရာ အခြေအနေတွေ မြင်နေရတယ်... ဆီးရီးယားမှာ နိုင်သွားတဲ့ထဲက ခေါင်းဆောင် တစ်ယောက်က အိုက်စစ်နဲ့ ပတ်သက်တယ်လို့ သတင်းတွေ ထွက်လာတယ်... အစွန်းနှစ်ဖက်ဟာ ဘယ်ဖက်မှ မ​ကောင်းဘူးဆိုတာ သိနားလည်ထားပြီး အစွန်းမရောက်တဲ့ လောကသစ်ကြီးပဲ ဖြစ်စေချင်မိပါတယ်

#DEI #Trump
#hollinaz

Sweet Baby Inc. ရဲ့ ဝန်ထမ်းဟောင်းက ပြောတယ်... လူတွေက သူတို့ကို ဝိုင်းပြီး ပိုးစိုးပက်စက် Abuse လုပ်နေတာတောင် သူတို့ဟာ အလုပ်တွေကို မရပ်မနား ဆက်လုပ်နေပါတယ်တဲ့

သူတို့ လုပ်နေတဲ့ အလုပ်ကရော ဆိုတော့ ဂိမ်းတွေမှာ လူမည်း ကာရိုက်တာ ထည့်ကို ထည့်ရမယ်... ဂေးပါရမယ်... အမဆိုရင်လည်း ကျားမ လိင်စိတ် မကွဲ စိတ်ရောဂါ ရှိတဲ့သူ ဖြစ်ရမယ်... ကာရိုက်တာတွေဟာ Sexy မဖြစ်ရ၊ ကိုယ်လုံးမလှရပဲ ဖက်တီးတွေ၊ ပုံပျက်ပန်းပျက်တွေ ဖြစ်ရမယ်... မိန်းမတွေဟာ အလိုလိုနေရင်း စူပါ ပါဝါရနေရမယ်... Marvel အထာတွေ ဖြစ်နေရမယ်... ယောက်ျားတွေဟာ ဦးနှောက်မရှိ၊ တစ်ဘို့တည်း ကြည့်တဲ့ ငပေါတွေ ဖြစ်နေရမယ်... ဇာတ်လမ်းဟာ အဓိပ္ပါယ်မရှိ... ဒီဇိုင်းတွေဟာ ဆွဲဆောင်မှု မရှိ ဖြစ်နေရမယ်...

အဲ့ဒီအချက်တွေနဲ့ မကိုက်ညီရင် သပိတ်မှောက် ဘွိုင်းကောက်မယ်... အဲ့ဒီအချက်တွေနဲ့ ကိုက်ညီချင်ရင် သူတို့ အကြံပေးနိုင်ဖို့ ဒေါ်လာ ၇ သန်းပေးရမယ်... မပေးရင် ဂျာနယ်တွေ သတင်းဌာနတွေမှာ Rating တွေ စုတ်ပြတ်သတ်နေအောင် ပေးပစ်မယ်... Twitter မှာ Pirate လုပ်ကြဖို့ ဆော်ဩမယ်

Liberal အကုန်လုံးက သူတို့ကို သူတို့ Victim ပါလို့ အမြဲတမ်း ယုံကြည်ထားကြတယ်... ဘာကိစ္စ ဖြစ်ဖြစ် သူတို့က Victim ဖြစ်ပြီး တစ်ဖက်က Bigot ပဲ... ဘယ်တော့မှ မပြောင်းလဲဘူး... သူတို့သာ ထာဝရ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး သဗ္ဗေညုတ အလုံးစုံ သိမြင်တဲ့ ဉာဏ်တွေ ရထားတာ... ကျန်တဲ့သူတွေက ဘာမှ မသိ နားမလည်... သူတို့က အလင်းပြတော်မူမှ လမ်းအမှန်ကို မြင်ကြမှာ... ဒါကြောင့် ပိုက်ဆံ ရဖို့ ခွင်ဖန်တာချင်း တူရင်တောင် သူတို့က Moral Highground ရထားပြီးသား

အဲ့ဒီ ကုမ္ပဏီကို ထောက်ပံ့နေတဲ့ Blackrock ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အရင်းပြုတ်တာ မြင်မိချင်သေးတယ်

#SBI #DEI #game
#hollinaz

DEI ကို ဖြုတ်ချတဲ့အထဲမှာ... Microsoft အပြင် ဘိုးအင်းပါ ပါလာပြီ

ပလိန်းကြီး ပိုက်ဆံပေးထားရတဲ့ ဌာနတွေဆို​တော့ Productivity မရှိရင် ဖြုတ်မှာပဲ

ဂိမ်းလောကကနေ တော်လှန် လွှတ်လိုက်တာ... အကုန် ဆက်တိုက် ထိကုန်ပြီ

#Boeing #DEI
#hollinaz

အထီးအမ မခွဲချင်ပေမဲ့ လူဖြူ လူမည်း အရမ်းခွဲပြီး အပိန်အဝလည်း ဇွတ်ခွဲချင်တဲ့ ဘုရားစူး ဟီးရိုးဂိမ်း Concord ရဲ့ ထုတ်လုပ်သူ Firewalk Studios ကို Sony က ပိတ်ပစ်လိုက်ပြီတဲ့

ဈေးက ကြီးသေး... ပိုက်ဆံက ချူသေး... ဒီဇိုင်းတွေက မွဲခြောက်နေတဲ့အပြင် Gameplay အစား Politics ​တွေ ထည့်ထားတဲ့ ဂိမ်းတစ်ခု မာလက ဈာန်ကြွရုံမက... စတူဒီယိုပါ လစ်သွားတာတော့ နည်းတောင် နည်းသေးတယ် ပြောရမှာပဲ... Sony ရဲ့ အယူအဆက ဘာမှန်း မသိရသေးပေမဲ့ ဂျပန်တွေက ငြိမ်မနေဘူး

Diversity ဆိုပြီး ဝူခုန်းကြီး ပန်းရောင် ဘီကီနီဝတ်ပြီး ဆံပင်လိပ်တဲ့ အချောင်းကြီးနဲ့ ချခိုင်းဖို့ ကြိုးစားတာ မအောင်မြင်တာနဲ့တင်ပဲ ဂိမ်းလောကကြီး ကံကောင်းသွားတယ် မှတ်ရတာပဲ... ငိငိ

#Sony #Game
#hollinaz

Reel တစ်ခုမှာ ငါတို့ ကျောင်းသွားပြီး ပိုက်သာဂိုရ သီအိုရမ် သီအိုရမ် ဘာလို့ သင်နေတာတုန်းဆိုပြီး ဟာသ လုပ်ထားတာတွေ့တော့ ဆီးယူ အက်သယ်တော့ ကြီးကို သွားသတိရမိတယ်

ပိုက်သာဂိုရ သီအိုရမ် ဘာလို့သင်လဲဆို အရာဝတ္ထုတွေကို တည့်တည့်မတ်မတ် ထောင်နိုင်အောင်ရယ်... ထောင့်ချိုးတွေကို 90° တိတိကျကျ ချိုးနိုင်အောင်ရယ် အဓိက သုံးတယ်... ခုခေတ်မှာ ကွန်ပြူတာ ကူညီလို့ တိုင်းတာရေး ပစ္စည်းတွေ အရမ်းကောင်းလာပေမဲ့ အဲ့ဒီပစ္စည်းအားလုံးက လျှပ်စစ်လိုတယ်... လျှပ်စစ်မီး မရှိရင် အခြေခံ တိုင်းတာနည်း သိကို သိမှ ရမယ်... အဲ့တော့ ဘယ်လို တိုင်းမလဲဆိုတာ ပိုက်သာဂိုရ သီအိုရမ် သိကို သိမှ ရမယ်... မင်းက အင်ဂျင်နီယာ ဒါမှမဟုတ် ကုန်ပစ္စည်း ထုတ်လုပ်သူ မဟုတ်ရင် သိစရာ မလိုဘူး ထင်ချင် ထင်ရပေမဲ့ တစ်နေရာရာမှာတော့ သေချာပေါက် လိုကို လိုတာ ရှိတယ်

ပိုက်သာဂိုရ သီအိုရမ်ဟာ ပိုက်သာဂိုရက စတွေ့ခဲ့တာတော့ မဟုတ်ဘူး... အဲ့ဒီနည်းကို အီဂျစ်တွေ မြေတိုင်းတဲ့နေရာမှာ သုံးနေကြတာ အတော်ကြာပြီ... ဂရိတွေက Record ယူထားခဲ့ပြီး ပိုက်သာဂိုရက အဲ့ဒီ သီအိုရမ်ကို သူတို့ဂိုဏ်းရဲ့ ကိုးကွယ်စရာ ဘာသာရေး အယူဝါဒလို သတ်မှတ်လိုက်လို့သာ သူ့နာမည်နဲ့ ကျန်နေခဲ့တာ

တချို့အရာတွေဟာ ကိုယ့်မြင်ကွင်းကနေ ကွယ်နေလို့သာ အသုံးမဝင်ဘူး ထင်ရတာ... လက်တွေ့ နေ့စဉ်သုံးနေရတာတွေ အများကြီး ရှိတယ် ဆိုတာ တချို့ Critical Thinking ဆိုပြီး ပေါက်ကရတွေ ​လျှောက်ပြောနေတဲ့ သူတွေကို သွားငြင်းချင်ပါသေးရဲ့

#CriticalThinking #PythagoreanTheorem
#hollinaz

Activist တချို့ရယ် တက်ကြွတဲ့ ချာတိတ် တချို့ရယ်နဲ့ စကား ပြောကြည့်တိုင်း ကြုံရတဲ့ ပြဿနာက သူတို့မှာ Historical Knowledge မရှိတဲ့ ပြဿနာပဲ

Critical Thinking တွေ အရမ်း ကောင်းတယ်လို့ တချို့ ကိစ္စတွေမှာ ထင်ရပေမဲ့ သူတို့မှာ Basic Knowledge မရှိကြဘူး... တကယ့်တကယ် ရင်ဆိုင် ကြုံတွေ့ရတဲ့အခါ ဝေဝါးပြီး Confidence ပျောက်ရင် ပျောက်... မပျောက်ရင် Overconfidence ဖြစ်ကုန်ကြတာ

အဲ့ဒီမှာတင် မှန်မှန်မှားမှား နားမဝင်ပဲ ဖင်ပိတ် ငြင်းတဲ့ အကျင့်တွေ ဖြစ်ကုန်ပြီး မူလက ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအစား Agenda တွေနောက် ပါကုန်ကြရော

ဒီပြဿနာက ကိုယ့်ဆီမှာတင် ဖြစ်တာမဟုတ်ပဲ အနောက်နိုင်ငံတွေ... အထူးသဖြင့် ပြင်သစ်ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးတဲ့ နိုင်ငံတွေမှာ ပိုဖြစ်ကြတယ် ထင်တာပဲ

လတ်တလော ပြဿနာ ပြေလည်ဖို့ပဲ ကြည့်ပြီး ရေရှည် ပြဿနာတွေကို လုံးဝ လစ်လျှူရှုထားတယ်... ထိုင်ဆုတောင်းနေတဲ့ သဘောမျိုးပဲ... ပြောတော့သာ ဘာသာမဲ့လို့ နာမည်ခံကြတာ

Management Level လောက် ရောက်ဖူးရင် ကိစ္စတိုင်းမှာ သူ့သမိုင်းကြောင်းနဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်း ရှိတယ်ဆိုတာ သဘောပေါက်လာကြလိမ့်မယ်... တဖက်ကလည်း သမိုင်းကြောင်းကြီးကို ဖက်တွယ်ပြီး ဒါမှဒါ ခေါင်းမာနေလို့လည်း မဖြစ်သေးဘူးဆိုတာ သိလာလိမ့်မယ်

တလောက Youtube မှာ စီးပွားရေး စနစ်တွေအကြောင်း Debate မှာ ဝင်ပြောတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက်က နာမည်ကြီး စီးပွားရေး ပညာရှင်တွေအကြောင်း မကြားဖူးတာမျိုးကျ အတော်လေး ဆိုးတယ်... ကားမာ့စ်လောက် ကြားဖူးပြီး အဒမ် စမစ်တို့ ဂျွန်ကိန်းစ်တို့ မကြားဖူးဘူးတဲ့... ကိုယ်လို Eco နဲ့ မတောက်တခေါက် ရင်းနှီးတဲ့ သူတောင် သိတယ်

သင်္ချာတက်ပြီး ဖီဘနာချီ ကိန်းစဉ်တန်း မသိတာ... ပိုက်သာဂိုရ သီအိုရမ် ဘယ်တော့မှ ပြန်မသုံးဘူး ပြောတာမျိုး ဖြစ်နေရော... Tactics နဲ့ Strategy ပဲ သိပြီး Grand Strategy ဆိုတာ မကြားဖူးတာမျိုးလည်း ခဏခဏ မြင်ရတယ်... အတော်များများ ငြင်းနေကြတာ တွေ့ရတာ ဒေသအလိုက် လုပ်ငန်းအလိုက် ဖြစ်လာတဲ့ သမိုင်းကြောင်းတွေကို မသိကြဘူး

EU မှာ တနေ့က ဟန်ဂေရီ ဝန်ကြီးချုပ် တက်ဖြဲနေတာ ကြည့်ပြီး EU အကြောင်း မသိကြတဲ့ အမေရိကန်တွေ ရေးနေတာတွေ ဖတ်ကြည့်တော့ တချို့ဆို ဟန်ဂေရီ ဘယ်နားရှိမှန်း မသိ... ဘာသမိုင်းကြောင်း ရှိမှန်း မသိတာတောင် တွေ့ရတယ်... သူတို့ကြားဖူးတာ ဂျာမနီ ပြင်သစ် အီတလီ အင်္ဂလန်နဲ့ ဂရိလောက်ပဲ ရှိတာကိုး

မကြာခင် ဒီချာတိတ်တွေ လုပ်လို့ ပိုရှုပ်ထွေးပြီး ပြဿနာတွေ ပိုတိုးလာမယ့် အခြေအနေပဲ တွေ့မိနေတာ... မကောင်းမြင်စိတ် များနေတာလားတော့ မသိတော့ပါဘူး

#CriticalThinking #Knowledge #EuropeanUnion #Economics #Activists
#hollinaz

Paleontology (ရုပ်ကြွင်း ဗေဒလို့ ခေါ်တယ် ထင်တယ်) ကွန်ဖရင့် တစ်ခုရဲ့ Chat ထဲမှာ Bone တို့ pubic တို့လို စကားလုံးတွေကို ဘန်းထားသတဲ့

ခုနောက်ပိုင်း AI တွေကို သုံးပြီး ဟိုစကားလုံး မသုံးရ ဒီစကားလုံး မပြောရဆိုတဲ့ ဘာသာစကား ပြန်ပေးသမားတွေ ခေတ်ကောင်းလာပြီးတဲ့နောက် နေရာတိုင်းလိုလိုမှာ ပြဿနာတွေ အမျိုးစုံ အောင် ဖြစ်နေကြတယ်... အကြောင်းကတော့ ကောင်းစေချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ဆို့မှုတွေ လုပ်ကြတယ်

တရုတ်ဟာ ဟိုစကားလုံး ဆင်ဆာ ဖြတ်တယ်... ဒီဝက်ဆိုက် ပိတ်ထားတယ် အော်ကြပေမဲ့ ကိုယ်တိုင်လည်း လုပ်ကြတာပဲ.. Net Neutrality ကျဆုံးပြီးတဲ့နောက်မှာ ဘယ်ဟာမှ သိပ်အယုံအကြည် မရှိတော့ဘူး

Insecurity တွေ များလာတဲ့ အင်တာနက် လောကကြီးမှာ မကြာခင် အကြောက်တရားတွေရဲ့ လွှမ်းမိုးမှုကြောင့် ပျက်စီးရတော့မယ့် အခြေအနေတွေကို အတိုင်းသား မြင်နေရတာ စိတ်မကောင်းစရာပဲ

#Paleontology #netneutrality #aichatbot
#hollinaz

Toyota အနေနဲ့ အမေရိကန်မှာ ဘယ် Culture ပွဲကိုမှ Support လုပ်တော့မှာ မဟုတ်ပဲ STEM နဲ့ တိုက်ရိုက် သက်ဆိုင်မှသာ Support လုပ်တော့မှာ ဖြစ်ပါတယ်

Diversity, Equality နဲ့ Inclusion လို့ခေါ်တဲ့ DEI မှာ တချိန်က အရမ်းရှေ့ရောက်ခဲ့တဲ့ Toyota ဟာ LGBTQ+ ကိုလည်း ဆက် Support မလုပ်တော့ပဲ ဒီကိစ္စတွေဟာ သုံးစွဲသူတွေအတွက်ရော ကုမ္ပဏီအတွက်ပါ အကျိုးမရှိစေတဲ့အတွက် Harley-Davidson နဲ့ Ford တို့လို ကုမ္ပဏီတွေနောက် လိုက်သွားတယ်လို့ ယူဆရပါတယ်

Tech Giant တွေ အတော်များများဟာ DEI တွေကို စွန့်ခွာပြီး ပုံမှန် လမ်းကြောင်းကို ဘာကြောင့် ပြန်တက် လာလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ... တချို့ စစ်တမ်းတွေမှာတော့ DEI တွေဟာ အရမ်းအောင်မြင်ပြီး ကုမ္ပဏီအတွက် အရမ်းအကျိုးရှိစေတယ်လို့ ဆိုကြပေမဲ့ တကယ်ရော ဟုတ်ရဲ့လားဆိုတာ သံသယ ဝင်စရာပါပဲ

ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ Sweet Baby Inc တို့လို Consult လုပ်ရုံနဲ့ ဒေါ်လာသန်းချီရနိုင်မယ့် အလုပ်တွေကို ထိခိုက်စေမှာတော့ အမှန်ပါပဲ

#DEI #SBI #Toyota #STEM
#hollinaz